လ - ဇူလိုင် 2021

အလောတကြီး ဆုတောင်းချက်မဟုတ်

ဟာဝိုင်ယီကျွန်းသားတို့သည် ဂူဘုရားအပြင်ဘက်တွင် ကြာမြင့်စွာထိုင်လျက် ဂူဘုရားထဲသို့ဝင်ရန် မိမိကိုယ်ကို ကြိုတင်ပြင်ဆင်ကြသည့်အကြောင်းကို Alice Kaholusuna (အဲလစ်ကာဟိုလူစူနာ)က ဆိုသည်။ ဂူဘုရားထဲသို့ဝင်လာပြီးနောက် တွင်လည်း ယဇ်ပလ္လင်သို့ ရိုကျိုးစွာ တိုးဝင်ချဉ်းကပ်ပြီး မိမိတို့ဆုတောင်းချက်များကိုဆက်ကပ်ပူဇော်ကြသည်။ ထို့နောက် ဂူဘုရားအပြင်ဘက်သို့ထွက်ပြီး တစ်ဖန် ကြာမြင့်စွာပြန်ထိုင်လျက် ဆုတောင်းချက်အတွက် "အသက်ရှူသွင်း"ကြသည်။ ထိုကျွန်းသို့ သာသနာပြုများရောက်လာသောအခါ ၎င်းတို့၏ဆုတောင်းပုံသည် ဒေသခံများအတွက် ထူးဆန်းနေပါသည်။ သာသနာပြုများသည် မတ်တပ်ရပ်ကာ စကားလုံးအနည်းငယ်ရွတ်ဆို ဆုတောင်းပြီး 'အာမင်' ဟု အဆုံးသတ်လိုက်သည်။ ဟာဝိုင်ယန်များက ၎င်းကို "အသက်မရှုဘဲဆုတောင်းခြင်း" ဟုခေါ်ဆိုကြသည်။

အဲလစ် ပြောပြသည့်အဖြစ်အပျက်က ဘုရားသားသမီးများသည် "ငြိမ်ဝပ်စွာ နေပြီး ဘုရားသခင်ကို သိမှတ်ရန်”အခွင့်အရေး (ဆာ ၄၆:၁၀)ကို မရယူကြောင်း ဖော်ပြနေသည်။ အလွှဲမယူပါနှင့်။ ကျွန်ုပ်တို့၏ဆုတောင်းသံများ မြန်ဆန်သည် ဖြစ်စေ၊ နှေးကွေးသည်ဖြစ်စေ၊ ဘုရားသခင် နားညောင်းပါသည်။ သို့သော် ဘဝ အသက်တာသည် နှလုံးသား၏တည်ငြိမ်မှုအဟုန်ကို…